နာကျင်မှုများ အကျိုးမဲ့ထင်ရချိန် ဘုရားသခင်ကို ကိုးစားခြင်း (Trusting God When the Pain Seems Pointless)

article - Randy Alcorn - မြန်မာဘာသာ (Burmese)
ကျွန်ုပ်သည် ဝတ္ထုရှည် ကိုးအုပ်ကို ရေးသားခဲ့ဖူးပါသည်။ အကယ်၍ သင်သည် ကျွန်ုပ်၏စာအုပ်များထဲမှ ဇာတ်ကောင်များကို လူတွေ့မေးမြန်းခွင့်ရသည်ဟု ဆိုကြပါစို့။ “ခင်ဗျားတို့ ဒီထက် ပိုပြီး ဒုက္ခအနည်းငယ်လေးပဲ ခံစားချင်လား” ဟု သွားမေးပါက၊ ၎င်းတို့အားလုံးက “ဟုတ်ကဲ့၊ အနည်းငယ်ပဲ ခံစားချင်ပါတယ်” ဟု ဖြေကြမည်မှာ သေချာပါသည်။

ဝမ်းနည်းပူဆွေးရချိန် ယေရှုပေးသော နှစ်သိမ့်ခြင်းနှင့် မိတ်ဆွေဖြစ်ခြင်း (The Comfort and Friendship of Jesus in Our Grief)

article - Randy Alcorn - မြန်မာဘာသာ (Burmese)
ကျွန်ုပ်၏ ချစ်လှစွာသောဇနီး နန်စီ၏ကင်ဆာရောဂါနှင့် ရုန်းကန်ခဲ့ရသည့် လေးနှစ်ကျော် ကာလအတွင်း ဝမ်းသာစရာ ဆေးစစ်ချက်နှင့် စိတ်ပျက်စရာသတင်းများစွာကို တစ်လှည့်စီ ကြားခဲ့ရပါသည်။ သူမ၏ ခွဲစိတ်မှု သုံးကြိမ်၊ ဓာတ်ရောင်ခြည်ပြ ကုသမှု သုံးကြိမ်နှင့် ကီမိုဆေးသွင်းကုသမှု သုံးကြိမ်စလုံးကို ဖြတ်သန်းခဲ့ရစဉ်အတွင်း ကျွန်ုပ်တို့သည် စိတ်ခံစားချက်မျိုးစုံ၏ အတက်အကျ အနိမ့်အမြင့်ကို ပြင်းထန်စွာ ခံစားခဲ့ရကြသည်။

ကျွန်ုပ်တို့၏ လာမည့်အကောင်းမြတ်ဆုံး အသက်တာ - ထာဝရအိမ်တော်ဖြစ်သော မြေကြီးသစ် (Our Best Life Yet to Come: The New Earth, Our Eternal Home)

article - Randy Alcorn - မြန်မာဘာသာ (Burmese)
သင်သည် အင်္ဂါဂြိုဟ်သို့ ငါးနှစ်ကြာသွားရောက်မည့် ခရီးစဉ်အတွက် ပြင်ဆင်နေသော နာဆာအဖွဲ့ဝင်တစ်ဦးအဖြစ် မြင်ယောင်ကြည့်စေချင်ပါသည်။ ကာလရှည်ကြာ ပြင်းထန်သော လေ့ကျင့်မှုများအပြီးတွင် ဒုံးပျံလွှတ်တင်မည့် ရက်မှာလည်း နောက်ဆုံးတွင် ရောက်လာပါသည်။ ဒုံးပျံသည် အာကာသသို့ ပျံတက်သွားစဉ် အတူလိုက်ပါလာသော အာကာသယာဉ်မှူးတစ်ဦးက “ခင်ဗျား အင်္ဂါဂြိုဟ်အကြောင်း ဘာတွေသိထားလဲ” ဟု လာမေးပါသည်။

ကျွန်ုပ်တို့၏ ပြဿနာ၊ ဘုရားသခင်၏ အဖြေ (Our Problem, God's Solution)

article - Randy Alcorn - မြန်မာဘာသာ (Burmese)
ဘုရားသခင်သည် မကောင်းမှုကို မုန်းတီးသော ဘုရားဖြစ်ပါသည်။ ထိုဘုရားနှင့် ကျွန်ုပ်တို့ အဘယ်သို့ပြန်လည် သင့်မြတ်နိုင်မည်နည်း ဟူသော မေးခွန်းမှာ သမိုင်းတွင် အကြီးမားဆုံး ပြဿနာပင် ဖြစ်သည်။ ကောင်းကင်နိုင်ငံတွင် ဘုရားသခင်ကို မမြင်တွေ့မီ လောကတွင် ကျွန်ုပ်တို့ဘက်မှ ကြီးမားသော အပြောင်းအလဲ ပြုလုပ်ရန် လိုအပ်ပါသည်။ ၎င်းအတွက် အကြီးမြတ်ဆုံး အဖြေလည်း ရှိထားပါသည်။

လိင်ပိုင်းဆိုင်ရာ သန့်ရှင်းစင်ကြယ်မှု - သိသင့်မည့် အချက် ၁၆ ချက် (Sexual Purity: 16 Things You Need to Know)

article - Randy Alcorn - မြန်မာဘာသာ (Burmese)
ကျွန်ုပ်သည် အောက်ပါအချက်အလက်များကို ပြုစု၍ နှစ်ပေါင်းများ စွာအတွင်း လူငယ်များနှင့် ၎င်းတို့၏ မိဘများထံ ဝေမျှပို့ချ ခဲ့ပါသည်။ ယခုအခါ အိမ်ထောင်ကျပြီးသော ကျွန်ုပ်၏သမီးများ၏ ဆယ်ကျော်သက် အရွယ်က သူတို့နှင့်အတူ ဆွေးနွေးတိုင်ပင်ခြင်း၊ ချိန်းတွေ့ခွင့် တောင်းလာသော လူငယ်များနှင့် စကားပြောခြင်းတို့မှ အောက်ပါအချက်များကို ပိုမိုစိစစ်ထားခဲ့ပါသည်။

နေ့စဉ် အောက်မေ့ရမည့် ထာဝရအမှန်တရား ၆ ခု (Six Eternal Truths to Remember Each Day)

article - Randy Alcorn - မြန်မာဘာသာ (Burmese)
မျက်မှောက်ခေတ် အနောက်ကမ္ဘာရှိ ခရစ်ယာန်များအကြား ထိတ်လန့်ဖွယ် အခြေအနေတစ်ခု ဖြစ်ပေါ်နေပါသည်။ ကျွန်ုပ်တို့ထဲမှ လူအများစုသည် ထာဝရ ကာလဟူ၍ မရှိ၊ သို့မဟုတ် ယခုမျက်မှောက်ဘဝတွင် ပြုသမျှအရာများသည် ထာဝရကာလအပေါ် မည်သို့မျှ သက်ရောက်မှုမရှိသကဲ့သို့ တွေးခေါ်ပြုမူနေကြပါသည်။

ထာဝရကာလကို ရှေးရှုသော ဘဏ္ဍာစိုးဟူသည်မှာ အဘယ်နည်း (What Is Eternity-Minded Stewardship?)

article - Randy Alcorn - မြန်မာဘာသာ (Burmese)
ငွေကြေးနှင့် ပိုင်ဆိုင်မှုများအကြောင်း သမ္မာကျမ်းစာက ဆိုထားသည်မှာ တစ်ခါတစ်ရံတွင် အစွန်းရောက်လှ၍ တစ်ခါတစ်ရံတွင် တုန်လှုပ်စရာလည်း ကောင်းလှပါသည်။ ကျွန်ုပ်တို့က သမ္မာကျမ်းစာထံ ချဉ်းကပ်ကြစဉ် မိမိတို့၏ လောကအမြင်ကို အဝေဖန်ခံရရန်မဟုတ်ဘဲ သက်သာရာရစေရန်အတွက်သာ လာကြသည် မဟုတ်ပါလော။ ဘုရားသခင်ကို မေတ္တာနှင့် ကျေးဇူးတော် အကြောင်းသာ ပြောစေကြပြီး၊ ငွေကြေးနှင့် ပိုင်ဆိုင်မှုများကိုမူ ကျွန်ုပ်တို့ဘာသာ ဆုံးဖြတ်ကာ စိတ်တိုင်းကျ ပြုမူချင်ကြပါသည်။